သိပ်ကြောက်လို့ // Idiots (Cover // အောင်လ)
ဒီသီချင်းက ရေမွန် သီချင်းတွေထဲမှာ လူအရမ်းကြိုက်တဲ့ ပေါက်သီချင်းတော့ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ ငယ်ငယ်လေးကတည်းက ရေးထား၊ ဆိုထားခဲ့တဲ့ သိပ်လှတဲ့ သီချင်းလေးပါ။ "သမိုင်းသစ်" အယ်လ်ဘမ်မှာ ပါခဲ့ပါတယ်။ SIR ကို ဟိုးအစောပိုင်းထဲက ရူးသွပ်ခဲ့တဲ့ ဘဲတွေဆိုရင်တော့ သိပ်ပြောနေစရာ မလိုလောက်ဘူး။
အခု ဒီ "သိပ်ကြောက်လို့" version က Reason 2B Idiots ပွဲမှာ အောင်လ ပြန်ဆိုထားတာပါ။ Reason to be Idiots အခွေက ၂၀၁၇ ဒီဇင်ဘာမှာ ထွက်ခဲ့ပြီး live show ကိုလည်း အဲဒီလမှာပဲ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ လုပ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၇ နှစ်က အောင်လ ဆိုထားတဲ့ ရေမွန်ရဲ့ သိပ်ကြောက်လို့ သီချင်းလေး နားထောင်ကြည့်ကြပါဦး။
Ещё видео!