Invoking the spirit of Italian resistance movement against Nazis and fascism, the young people of Myanmar sang ‘Bella Ciao’ in their protest against the fascist military. May the world hear their defiance and courage. @italymfa @ItalyMFA_int @luigi.di.maio
တော်လှန်ခြင်းမှ တပါးအခြားမရှိတော့ 🔥🔥🔥
Bella Ciao သီချင်းဆိုပြီး ရွှေတိဂုံစေတီရှေ့မှာ ရန်ကုန်လူငယ်များ ဆန္ဒပြ
ရန်ကုန်
ဩဂုတ် ၂၀
ရန်ကုန်မြို့၏အထင်ကရ ရွှေတိဂုံဘုရားအရှေ့၌ “ငါတို့ဘယ်တော့မှမကြောက်ဘူး“ ဟူသောကြွေးကြော်သံများဖြင့် “Bella Ciao" သီချင်းကိုသီဆိုကာ တော်လှန်လူငယ်များက ယနေ့ဆန္ဒပြခဲ့ကြသည်။
၎င်းတို့သည် လူပီသတဲ့ဘဝတွေရဖို့ “ တော်လှန်ခြင်းမှ တပါးအခြားမရှိ" ဟု၍လည်း ဟစ်ကြွေးခဲ့သည့်အပြင် အာဏာသိမ်းခဲ့သူများကိုလည်း ကြိမ်ဆဲမှုများပြုလုပ်ခဲ့သည်။
ထို့ပြင် NUG နှင့် NUCC ကိုလည်း တော်လှန်ရေးအစိုးရပီသစွာ တော်လှန်ရေးတာဝန်များကို ဖြည်းဖြည်းနှေးနှေး အေးအေးဆေးဆေး လုပ်မနေရန်၊ အလေးအနက်ထား လုပ်ဆောင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် သရော်စာများဖြင့်လည်း တိုက်တွန်းနှိုးဆော်ခဲ့သေးသည်။
ယခုဆန္ဒပြပွဲတွင်သီဆိုခဲ့သည် Bella Ciao သည် အီတလီဘာသာစကားဖြစ်ပြီး "နှုတ်ဆက်ပါတယ် အလှကလေးရေ"ဟု အဓိပ္ပါယ်ရသည်။
အဆိုပါသီချင်းသည် ၁၉ ရာစုနှစ်က အီတလီရှိ ဝါစိုက်ခင်းအလုပ်သမများ ဖိနှိပ်ခံရချိန် သီဆိုဆန္ဒပြခဲ့သည့် သီချင်းဖြစ်ပြီး နောက်ပိုင်းကာလများတွင် ဖက်ဆစ်ဆန့်ကျင်ရေး သီချင်းတစ်ပုဒ်အဖြစ် နိုင်ငံတကာ၌ ဘာသာစကားမျိုးစုံဖြင့် အာဏာရှင်စနစ်တော်လှန်ရေးအတွက် အသုံးပြုနေကြသည်။
ယနေ့ ဆန္ဒပြမှုကို Yangon Revolution Force - YRF ( Soft Strike Community )၊ Yangon’s Rebels Strike Committee - YRSC၊ Revolution Force - RF၊ Yankin Protests၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ထ•ဝ အကသ)နှင့် လှိုင်သာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Twitter ➡️ Civil Disobedience Movement
#Lungekhit
#YangonDrone #လှုပါ #ကူပါ #အချိန်ရသလောက်ကလစ်ကြပါ #AJAY
#YangonRevolutionForce #PBYSC #fightformyanmardemocracy
#GenZ21Myanmar
#SPRINGREVOLUTION #BurmaYouthRevolutionaryForce #WhathappeninginMyanmar #အရေးတော်ပုံအောင်ကိုအောင်ရမည်
Ещё видео!