ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်သွားမယ်လို့ DKBA ဗိုလ်မှူးကြီး စောအေဝမ်း ပြော (အင်တာဗျူး)
မဇ္ဈိမ
ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်အပါအဝင် ဧည့်ရိပ်သာတွေ၊ အဆောက်အဦတွေကို လေကြောင်းက ဗုံးကြဲတိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ဗိုလ်မှူးကြီးစောအေဝမ်းက မဇ္ဈိမကို ပြောပါတယ်။
ဗိုလ်မှူးကြီးစောအေဝမ်းဟာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ အမှတ် (၂) စစ်နည်းဗျူဟာ ဌာနချုပ်ရဲ့ နည်းဗျူဟာမှူးတစ်ဦးဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာက ဗိုလ်မှူးကြီး စောအေဝမ်း နေအိမ်အပါအဝင် အဆောက်အဦတွေဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။
စစ်အာဏာရှင် ဖြုတ်ချရေး နွေဦးတော်လှန်ရေးနဲ့အတူ ကရင်လူမျိုးအတွက် ရည်မှန်းချက် ပြည့်ဝတဲ့အထိ နောက်မဆုတ်ဘဲ ကြိုးပမ်းသွားမယ်လို့လည်း ဗိုလ်မှူးကြီး စောအေဝမ်းက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ကြရမယ်လို့လည်း သူက တိုက်တွန်းပါတယ်။
ဗိုလ်မှူးကြီး စောအေဝမ်း နေအိမ် ဗုံးကြဲတိုက်ခိုက်ခံရမှုအခြေ၊ အကျိုးသက်ရောက်နဲ့ နွေဦးတော်လှန်ရေးအပေါ် အမြင်တွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး စောအေဝမ်းကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
#DKBA
#ဗိုလ်မှူးကြီးစောအေဝမ်း
#mizzimatv
#လက်တုံ့ပြန်
#interviews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. [ Ссылка ]
Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.
[ Ссылка ]
Facebook ( Myanmar Language) [ Ссылка ]
Facebook (English language) [ Ссылка ]
Facebook (Mizzima+TV) [ Ссылка ]
Twitter [ Ссылка ]
Telegram [ Ссылка ]
Tiktok [ Ссылка ]
Get Mizzima TV App Free : [ Ссылка ]
Website: [ Ссылка ] [ Ссылка ] [ Ссылка ]
![](https://i.ytimg.com/vi/ULGKrNGP0Jc/maxresdefault.jpg)