📌 New York Times Newspaper ကိုသိကြမှာပါ။ သူကနေ ထုတ်လုပ်တဲ့ The New York Times Presents လို့ခေါ်တဲ့ Documentary TV program ရဲ့ (၆) ခုမြောက် episode မှာ “Framing Britney Spears” ဆိုတဲ့ title နဲ့ Britney ရဲ့ conservatorship အကြောင်းကို လာမည့် February 5th နေ့မှာ Hulu Platform ပေါ်ကနေ လွှင့်တော့မှာပါ။ အခု (season 1) မှာ အပိုင်း (၅) ပိုင်းထွက်ရှိပြီး rating တွေလဲ ကောင်းပါတယ်။
📌 “Framing Britney Spears” ကို ဘယ်လိုအကြောင်းအရာတွေနဲ့ ဘယ်လိုတင်ဆက်သွားမလဲကတော့ အားလုံးစောင့်ကြည့်ရမှာပါပဲ။ Hulu ကနေတင်မှာဆိုတော့ ဒီကနေကြည့်ဖို့တော့ အဆင်မပြေသေးပါဘူး။ fans တွေထဲမှာလဲ “Britney ကြောင်းကို အခုထိ သတင်းလုပ်ပြီး မီဒီယာတွေက အမြတ်ထုတ်နေကြတုန်းပဲ” ဆိုပြီး သဘောမကြသူတွေလဲ ရှိသလို “ဒီ documentary က #FreeBritney နဲ့ Conservatorship အောက်မှာ မတရားခံနေရသူတွေအတွက် မီးမောင်းထိုးရာမှာ အကူအညီတစ်ခုဖြစ်တာပဲဆိုပြီး လက်ခံသူတွေလဲရှိပါတယ်။
📌 အဲ့ဒီတော့ documentary ထွက်လာရင်တာတော့သိရမှာပါပဲ။ အရင်ကလဲ မီဒီယာတစ်ချို့က Team C-ship နဲ့ပေါင်းပြီး #FreeBritney ဆိုတာ ဖန်တွေရဲ့ အရူးထ စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပဲ ဘာညာနဲ့ ဖုံးကွယ်ဖို့ ကြိုးစားမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တဲ့အပြင် သတင်းအမှားတွေကို လဲ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပြီး #FreeBritney Movenment ကို ပြိုလဲအောင်လုပ်ခဲ့ကြတာဆိုတော့ ထွက်လာမှ သေချာကြည့်ပြီး ဘယ်လမ်းကြောင်းကို ရည်ရွယ်ထားလဲ သိရမှာပါ။ အမှန်တရားကို တွေကို ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်။ 🙏🙏🙏
📌 (The New York Times Presents အကြောင်း အကျဉ်းချုပ်)
NY Times Presents ဟာ လက်ရှိဖြစ်ပွါးနေတဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုသူတွေ မသိမဖြစ်တာတွေ သိရှိရအောင် journalist တို့အတွေးနဲ့ မတူညီတဲ့ရှုထောင့်ကနေ တင်ဆက်ပေးနေတဲ့ Documentary Series တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာ Times group ဟာ သတင်းစုံထောက် report တွေ၊ ဦးဦးဖျားဖျား နိုင်ငံရေးသတင်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေလိုမျိုးကို နိုင်ငံပေါင်း (၁၆၀) က သတင်းထောက်ပေါင်း (၁၅၅၀) ကျော်လောက်နဲ့ တစ်ရက်ကို သတင်းဆောင်းပါးပေါင်း (၂၅၀) လောက် ထုတ်ပြန်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခု series တွေမှာဆိုရင်လဲ လက်ရှိ လူမှုအဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သတင်းစုံထောက်ပုံစံမျိုးနဲ့ (investigative reporting) တင်ပြပေးတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။
#crd to Original Uploader
![](https://i.ytimg.com/vi/i4jO2-nvOqQ/maxresdefault.jpg)